Thursday, August 16, 2007

စည်း

အပြုံးမပျက် လှည့်ထွက်ပြီးပါမှ
မျက်ရည်စက်တွေ လွင့်ခနဲ့...
ခြေလှမ်းတွေစတင် ကျောခိုင်းတော့
ခံစားချက်တွေနင့်ခနဲ့...

သူငယ်ချင်းရယ်...
စည်းတစ်ခုပါပဲ
ရင်ဘက်ထဲမတော့
မင်းရဲ့ပုံရိပ်တွေ ထင်ကျန်နေဆဲပါ။

အိပ်မက်ကလေးရေ
မဖြစ်နိုင်တော့မှန်လည်း သိပါတယ်
အစွဲအလမ်းကြီးသူ တစ်ယေက်အနေနှင့်
ရူးတယ်ပဲ ဆိုချင်ဆို
မင်းမရှိတော့တဲ့ တို့ရဲ့အနာဂတ်မှာ
ကြေကွဲခြင်း အရှံးတွေကိုပွေ့ပိုက်လို့
မျှော်လင့်ခြင်းတွေမထွန်းကားနိုင်တော့တဲ့
ကောင်းကင်အောက်မှာ
ငါတစ်ယောက်ထဲ လွမ်းမောစွာ
လျှောက်ရင်း စောင့်မျှော်ဆဲပါ ။

စောင့်မျှော်ရတဲ့ အလုပ်က ပင်ပန်းတယ်တဲ့
ငါမထင်မိဘူး ရင်ထဲကဖြစ်တဲ့
အရာကို ငါကိုယ်တိုင်လည်းမတားနိုင်ဘူး
ဘယ်သူမှလည်း နာလည်မှာမဟုတ်ပါဘူး။ ။

ဘယ်သူက ဘာအတွက် ရေးထာမှန်းမသိသောကဗျာတစ်ပုဒ်......

No comments: