Friday, August 10, 2007

ကလေးတို့ထိုသို့သင်ယူတတ်မြေက်ကြသည်။

ကလေးငယ်သည်...
ဝေဖန်ခံရခြင်းနှင့် သက်ရှင်ရပါက၊
သူသည်သူတပါးကိုဝေဖန်တတ်လာသည်။
ရန်လိုမှုနှင့် သက်ရှင်ရပါက၊
သူသည် ရန်ပြုတတ်လာသည်။
ပြက်ရယ်ပြုမှုနှင့် သက်ရှင်ရပါက၊
သူသည်ရှက်ကြောက်တတ်လာသည်။
အားပေးမှုဖြင့် သက်ရှင်ရပါက၊
သူသည်မိမိကိုယ်ကိုယုံကြည်မှုရှိတတ်လာသည်။
ရှက်ကြောက်ဖွယ်ဖြင့် သက်ရှင်ရပါက၊
သူသည်ပြစ်တင်ခံရစိတ်ကိုခံစားတတ်လာသည်
သည်းခံတတ်မှုဖြင့် သက်ရှင်ရပါက၊
သူသည်စိတ်ရှည်တတ်လာသည်။
ချီးမွမ်းခံရမှုဖြင့် သက်ရှင်ရပါက၊
သူသည်မြတ်နိုးစိတ်ရှိတတ်လာသည်။
တရားမျှတမှုဖြင့် သက်ရှင်ရပါက၊
သူသည်တရားမျှတတတ်လာသည်။
လုံခြုံမှုဖြင့် သက်ရှင်ရပါက၊
သူသည်ယုံကြည်မှုရှိတတ်လာသည်။
မိမိကိုနှစ်သက်လိုလားမှုဖြင့် သက်ရှင်ရပါက၊
သူသည်မိမိကိုယ်ကိုနှစ်သက်တတ်လာသည်။
မိမိကိုခင်မင်မှု ၊ လက်ခံမှုဖြင့် သက်ရှင်ရပါက၊
သူသည် လောကကြီးတွင်ချစ်ခြင်းကို
..........ရှာဖွေတွေ့ရှိတတ်လာသည်။

No comments: